Sunday, November 20, 2011

ထွက်ဆိုချက်

မောင်မင်း အမှန်တိုင်းဖြေပါ...
ဟုတ်ကဲ့။
မင်းဘာကြောင့် အလုပ်ကိုကောင်းကောင်းမလုပ်ပဲ
အားတိုင်း facebook လာလာသုံးနေရတာလဲ။
ဟုတ်ကဲ့ပါ...
နှစ်လုံးသားက စေခိုင်းတဲ့အခါ နဲ့
ကြိမ်နဲ့အတို့ခံရတဲ့ အခါတွေကလွဲရင်
ကျွန်တော် အခြားဘာအလုပ်မှ အပိုမလုပ်ပါဘူး။
ကိုင်း ဒါဆို မင်းရဲ့သားမယားကို
ဘယ်လို လောက်ငအောင် ရှာဖွေကျွေးမွေးလဲ။
ဟုတ်ကဲ့...
သူတို့တွေက ကျွန်တော့်နှလုံးသားကို
ဘယ်လိုနှိုးဆွရမယ်ဆိုတာ
သိနေကြတယ်လေ။
ကဲ..ဒါဆို မင်းရဲ့အလုပ်ရှင်တွေကရော..။
ဟုတ်ကဲ့...
သူတို့ကြတော့ ဘယ်အချိန်မှာ ကျွန်တော့်ကို ကြိမ်နဲ့တို့ပြီး
ဘယ်လိုနှစ်သိမ့်ရမယ်ဆိုတာ
သိနေကြပြန်ရောဗျ။
ကောင်းပြီ မောင်မင်း...ဘာပြောချင်သေးလဲ။
ဟုတ်ကဲ့..
ဘယ်ဘက်နားထဲက ကလေးငိုသံကြားပြီး
ညာဘက်နားထဲက ကြိမ်သံကြားနေရလို့
သွားခွင့်ပြုပါဦးခင်ဗျာ။
ဘာကွ.... ဒီအတိုင်းသွားလို့ရမလား..
မင်းကိုပြစ်ဒဏ်ချရဦးမယ်
မင်းကိုမှီခိုနေတဲ့ မင်းရဲ့မိသားစုရှေ့ရေးအတွက်
မင်းရဲ့ ခံစားတတ်တဲ့ မလောက်လေးမလောက်စား
မင်းနှလုံးသားကို
Facebook မှာထားခဲ့...ဒါပဲ။

No comments:

Post a Comment