Sunday, October 30, 2011

နေရာ

ကုန်းနေသတ္တ၀ါ

ကုန်းမြေမှာပျော်သည်။

ရေနေသတ္တ၀ါ

ရေထဲမှာပျော်သည်။

ကုန်းနေသတ္တ၀ါ ရေထဲရောက်

ရေနေသတ္တ၀ါ ကုန်းပေါ်ရောက်

ကမောက်ကမ ဘ၀ပျောက်ရ၏။

ကုန်းနေရေနေ

နှစ်မျိုးနေသတ္တ၀ါတွေ

သာ ရာကိုခုန်ကူး

မြူးတူးပျော်ပါးနေကြ၏။

သံဝေဂမေးခွန်းများ

အသင် အသက်ကြီးနေပြီ သဘောထားမကြီးနိုင်သေးဘူးလား...

အသင် ဆံပင်တွေဖြူနေပြီ စိတ်ထားမဖြူနိုင်သေးဘူးလား...

အသင် ဆံပင်တွေ ကျွတ်နေပြီ အကျွတ်တရားမရှာနိုင်သေးဘူးလား...

အသင် ထိပ်ပြောင်နေပြီ ကိလေသာပြောင်အောင် မကြိုးစားသေးဘူးလား...

အသင် မျက်စိမှုန်ဝါးနေပြီ တရားအတွက် စမ်းတ၀ါးဝါးဖြစ်နေတုံးပဲလား...

အသင် အသက်ရှူသံချို့တဲ့လာပြီ အာနာပါနလုပ်ဖို့ ချို့တဲ့နေတုံးပဲလား...

အသင်လျှာထူနေပြီ မကောင်းမှုမှာ ထူပူနေတုန်းပဲ့လား...

အသင် သွားတွေကျိုးနေပြီ မာန်မာနမကျိုးနိုင်သေးဘူးလား...

အသင် ပါးစပ်ရွဲ့နေပြီ ကုသိုလ်ကို အရွဲ့တိုက်နေတုံးပဲ့လား...

အသင် အသံပြာနေပြီ အခုထိပြာများနေတုန်းပဲ့လား...

အသင်လက်တွေတုံနေပြီ ပုတီးကိုင်ဖို့ ချီတုံချတုံဖြစ်နေတုံးပဲလား...

အသင် ခြေထောက်တွေယိုင်နေပြီ အမှားဘက်ကို ယိုင်နေတုံးပဲလား...

အသင် ခါးကိုင်းနေပြီ ရတနာသုံးပါးကို မကိုင်းရှိုင်းနိုင်သေးဘူးလား...

အသင်စိတ် တွေဝေနေပြီ ၀ိပဿနာလုပ်ဖို့ တွေဝေနေတုံးပဲလား။

အရှင်သုခမိန္ဒ(တန့်ယန်း)

အညာက အဖွား Grandma from the country side


ဘယ်ကောင်မလေးတွေ အလှချင်းပြိုင်မလဲ...ကျွန်တော့်အဖွားနဲ့..။

Which model girls dare to vie with my grand mother' beauty?

တိုက်ပွဲခေါ်သံ (သို့မဟုတ်) ထီလာသား မေတ္တာစာ

ဘာမှ မပြီးသေးပါဘူး....တိုက်ပွဲကယခုမှစတာပါ...တစ်စုံတစ်ရာသော အကျိုးရလဒ်တစ်ခုအတွက် ပေးဆပ်..စတေးရမဲ့ လူတန်းစား တစ်ရပ်ဟာ အနာဂတ်မျိုးဆက်တွေအတွက် ရှိရလိမ့်မယ်လို့ ယူဆမိတယ်....အရိပ်ကိုလိုချင်ရင် နေပူမှာ စောင့်ရမယ် မဟုတ်လား... .ကျွန်တော်တို့အားလုံးဟာ မည်သူ့ကိုမှ အမုန်းမပွား မကောင်းမြင်စိတ်မထားပဲ အများအကျိုး....တိုင်ပြည်အကျိုးအတွက် မိမိကျင်လည်ရာ ဘ၀မှာ မိမိကျရာတာဝန်တွေထမ်းဆောင်ရင်း မိမိတတ်စွမ်းသမျှ လုပ်သွားရပါလိမ့်မယ်..... တိုက်ပွဲကယခုမှစတာပါ ..အသိ၊အမြင်၊ ခံယူချက် တူသူအားလုံး စည်းလုံးညီညွတ်တဲ့အင်အားတစ်ရပ် လိုအပ်နေပါတယ်....အိမ်တစ်အိမ်၊မိသားတစ်စုမှာ ဖခင်၊မိခင်လုပ်သူတွေက ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မိဘဟာမိဘပါပဲ ဆိုသလိုပေါ့....မိဘဆိုတာ မလိုချင်လို့မရဘူးလေ... သူတို့မွေးထုတ်လိုက်လို့ လူဖြစ်လာရတယ်ဆိုတဲ့ အယူအဆမျိုးကို ခံယူလိုက်ပြီး တိုင်းပြည်နဲ့လူမျိုး ရှေ့ရေးအတွက် လက်ရှိတာဝန်ရှိသူတွေ (အတိတ်က ဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့ လက်ရှိကာလမှာ အကောင်းဆုံးလုပ်နေသူတွေ)ကို မိဘလိုပဲသဘောထားပြီး....... အပြစ်ရှာမနေတော့ပဲ..... သားကောင်း၊ သမီးကောင်းတွေအဖြစ်နဲ့ မိမိ..မိသားစု...နိုင်ငံနဲ့လူမျိုးအတွက် အကောင်းဆုံးကို လုပ်သွားဖို့ပဲလိုအပ်တယ်မဟုတ်ပါလား..ကျွန်တော် လူတက်ကြီးလုပ်ပြီး ပြောနေခြင်းမဟုတ်ပါ...အမှားပါရင်ခွင့်လွှတပါ....မှားနေတယ်လို့ ယူဆရသူတွေကိုလည်း အတတ်နိုင်ဆုံး သည်းခံ ခွင့်လွှတ်ပေးလိုက်ပါ.. ခွင့်လွှတ်သည်းခံခြင်းဟာ အောင်မြင်ခြင်းမဟုတ်ပါလား...

ကျွန်ုပ် အမှားပါရင်လည်း.....ခွင့်လွှတ်နိုင်ကြပါစေ...

ပြေနိုင်ဦး

လိုအပ်ချက် The Need

သီချင်းတွေအများကြီးနားထောင်နိုင်တယ်

Can listen many songs

စာတွေ ကဗျာတွေ အများကြီးရေးနိုင်တယ်

Can write many words and poems

စကားတွေအများကြီးပြောနိုင်တယ်

Can speak a lot

ခရီးရှည် ဝေးဝေးသွားနိုင်တယ်

Can travel very long

လူတွေအများကြီးနှင့် ပြောဆိုဆက်ဆံနိုင်တယ်

Can chat together with many people

အလုပ်တွေအများကြီးလုပ်နိုင်တယ်

Can do many work

တစ်ခုပဲလုပ်ဖို့ ခက်တယ်

Something's difficult that

ဖြူစင်တဲ့ နှလုံးသားဖြစ်ဖို့ပါ။

To be a transparent Heart