Sunday, October 30, 2011

သံဝေဂမေးခွန်းများ

အသင် အသက်ကြီးနေပြီ သဘောထားမကြီးနိုင်သေးဘူးလား...

အသင် ဆံပင်တွေဖြူနေပြီ စိတ်ထားမဖြူနိုင်သေးဘူးလား...

အသင် ဆံပင်တွေ ကျွတ်နေပြီ အကျွတ်တရားမရှာနိုင်သေးဘူးလား...

အသင် ထိပ်ပြောင်နေပြီ ကိလေသာပြောင်အောင် မကြိုးစားသေးဘူးလား...

အသင် မျက်စိမှုန်ဝါးနေပြီ တရားအတွက် စမ်းတ၀ါးဝါးဖြစ်နေတုံးပဲလား...

အသင် အသက်ရှူသံချို့တဲ့လာပြီ အာနာပါနလုပ်ဖို့ ချို့တဲ့နေတုံးပဲလား...

အသင်လျှာထူနေပြီ မကောင်းမှုမှာ ထူပူနေတုန်းပဲ့လား...

အသင် သွားတွေကျိုးနေပြီ မာန်မာနမကျိုးနိုင်သေးဘူးလား...

အသင် ပါးစပ်ရွဲ့နေပြီ ကုသိုလ်ကို အရွဲ့တိုက်နေတုံးပဲ့လား...

အသင် အသံပြာနေပြီ အခုထိပြာများနေတုန်းပဲ့လား...

အသင်လက်တွေတုံနေပြီ ပုတီးကိုင်ဖို့ ချီတုံချတုံဖြစ်နေတုံးပဲလား...

အသင် ခြေထောက်တွေယိုင်နေပြီ အမှားဘက်ကို ယိုင်နေတုံးပဲလား...

အသင် ခါးကိုင်းနေပြီ ရတနာသုံးပါးကို မကိုင်းရှိုင်းနိုင်သေးဘူးလား...

အသင်စိတ် တွေဝေနေပြီ ၀ိပဿနာလုပ်ဖို့ တွေဝေနေတုံးပဲလား။

အရှင်သုခမိန္ဒ(တန့်ယန်း)

No comments:

Post a Comment