Sunday, October 30, 2011

တိုက်ပွဲခေါ်သံ (သို့မဟုတ်) ထီလာသား မေတ္တာစာ

ဘာမှ မပြီးသေးပါဘူး....တိုက်ပွဲကယခုမှစတာပါ...တစ်စုံတစ်ရာသော အကျိုးရလဒ်တစ်ခုအတွက် ပေးဆပ်..စတေးရမဲ့ လူတန်းစား တစ်ရပ်ဟာ အနာဂတ်မျိုးဆက်တွေအတွက် ရှိရလိမ့်မယ်လို့ ယူဆမိတယ်....အရိပ်ကိုလိုချင်ရင် နေပူမှာ စောင့်ရမယ် မဟုတ်လား... .ကျွန်တော်တို့အားလုံးဟာ မည်သူ့ကိုမှ အမုန်းမပွား မကောင်းမြင်စိတ်မထားပဲ အများအကျိုး....တိုင်ပြည်အကျိုးအတွက် မိမိကျင်လည်ရာ ဘ၀မှာ မိမိကျရာတာဝန်တွေထမ်းဆောင်ရင်း မိမိတတ်စွမ်းသမျှ လုပ်သွားရပါလိမ့်မယ်..... တိုက်ပွဲကယခုမှစတာပါ ..အသိ၊အမြင်၊ ခံယူချက် တူသူအားလုံး စည်းလုံးညီညွတ်တဲ့အင်အားတစ်ရပ် လိုအပ်နေပါတယ်....အိမ်တစ်အိမ်၊မိသားတစ်စုမှာ ဖခင်၊မိခင်လုပ်သူတွေက ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မိဘဟာမိဘပါပဲ ဆိုသလိုပေါ့....မိဘဆိုတာ မလိုချင်လို့မရဘူးလေ... သူတို့မွေးထုတ်လိုက်လို့ လူဖြစ်လာရတယ်ဆိုတဲ့ အယူအဆမျိုးကို ခံယူလိုက်ပြီး တိုင်းပြည်နဲ့လူမျိုး ရှေ့ရေးအတွက် လက်ရှိတာဝန်ရှိသူတွေ (အတိတ်က ဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့ လက်ရှိကာလမှာ အကောင်းဆုံးလုပ်နေသူတွေ)ကို မိဘလိုပဲသဘောထားပြီး....... အပြစ်ရှာမနေတော့ပဲ..... သားကောင်း၊ သမီးကောင်းတွေအဖြစ်နဲ့ မိမိ..မိသားစု...နိုင်ငံနဲ့လူမျိုးအတွက် အကောင်းဆုံးကို လုပ်သွားဖို့ပဲလိုအပ်တယ်မဟုတ်ပါလား..ကျွန်တော် လူတက်ကြီးလုပ်ပြီး ပြောနေခြင်းမဟုတ်ပါ...အမှားပါရင်ခွင့်လွှတပါ....မှားနေတယ်လို့ ယူဆရသူတွေကိုလည်း အတတ်နိုင်ဆုံး သည်းခံ ခွင့်လွှတ်ပေးလိုက်ပါ.. ခွင့်လွှတ်သည်းခံခြင်းဟာ အောင်မြင်ခြင်းမဟုတ်ပါလား...

ကျွန်ုပ် အမှားပါရင်လည်း.....ခွင့်လွှတ်နိုင်ကြပါစေ...

ပြေနိုင်ဦး

No comments:

Post a Comment